အစိုးရိမ် မလွန်စေချင်
ငလျင်က မပြီးသေးဟု ဆို၏။ 28 ရက်နေ့ကလောက် မပြင်းထန်သည့် ငလျင် အသေးလေးတွေ ထပ်လှုပ်နေသေး၏။ အကြီး လှုပ်ပြီး သွားရင် အသေးလေးတွေ ထပ်လှုပ်လေ့ ရှိသည် ဆို၏။ သာမန် အချိန်ဆို ကိစ္စ မရှိပေမယ့် အားပြင် ငလျင်ကြီး လှုပ်ထားပြီးသည့် အချိန်မို့ အားသေးငယ် ပေမယ့်လည်း ပြိုကျလု အဆောက်အဦးတွေ ပြိုကျခြင်းနှင့် ကယ်ဆယ်ရေး လုပ်ငန်းတွေမှာ အခက်အခဲတွေ ဖြစ်ပေါ်လာနိုင်၏။
ငလျင် ဗဟိုချက်မကသူများ ခုချိန်ထိ စိတ်သေလက်ချ မနေနိုင်ကြသေးပေ။ အိမ်တွေပေါ်မှာ မနေတော့ဘဲ လမ်းပေါ်မှာပဲ အဆင်ပြေသလို နေနေကြတော့၏။ တချို့တွေမှာက နေစရာ အိမ်မှ မရှိတော့ဘဲကိုး။ ဗဟိုချက်နဲ့ ဝေးတဲ့ ကျနော်တို့ မြို့က လူတွေမှာတောင် ခုထိ စိုးရိမ် ပူပန်နေကြတုန်းပင်။ ကိုယ့်ကို ခေါင်းလေး ရိပ်ခနဲ မူးသွားရင်တောင် ငလျင်များ လှုပ်ပြီလားဟု ထင်မှတ်နေကြ၏။
မနေ့ကဆို ဘယ်သူတွေ စလိုက်သည့် ဇာတ်လမ်းမှန်းလည်း မသိ၊ ညနေ 3 နာရီ ငလျင် ထပ်လှုပ်ဖို့ ရှိတယ်ဆိုပြီး ဈေးတွေ ဆိုင်တွေ ပိတ်ပြီး ပြန်ကြ၏။ အချို့ အလုပ်တွေလည်း ခပ်စောစော သိမ်းကြ၊ ရုံးတွေလည်း အစော ဆင်းကြ၏။ ကြိုတင် ကာကွယ်တာ ကောင်းပေမယ့် ခုလိုမျိုးတွေက လူအများကို စိုးရိမ် ပူပန်မှု မြင့်တက်၊ များပြားစေ၏။ ခုချိန်ထိ ငလျင် လှုပ်မည့် အချိန်ကို ဘယ်သူကမှ အတိအကျ မခန့်မှန်းနိုင်ကြသေးပေ။ အဲ့တာကိုပဲ ဘယ်အချိန် ဘယ်နှယ် နာရီ လှုပ်မယ်တွေ ပြောနေ ဖွနေတာက အတော်ဆိုးလှ၏။
တချို့ကလည်း သေချာ စဉ်းစား တွေးတောခြင်း မလုပ်ကြတော့ဘဲ အဆိုပါ သတင်းစကားကို ယုံကြည်ပြီး စိတ်ပူနေကြသူတွေကလည်း ရှိသေး၏။ ဝေးဝေး မပြောနဲ့ 28 ရက်နေ့ ငလျင်ကြီး လှုပ်ပြီးနောက်မှာလည်း ထိုသို့သော သတင်းစကား တနည်းအားဖြင့် ကောလဟာလ ထွက်ပေါ် လာသေးသည် မဟုတ်လား။ 2 နာရီမှာ ထပ်လှုပ်မယ် ဆိုပြီး အတိအကျ ကြီး။ ထိုသို့သော အသုံး မဝင်၊ အဓိပ္ပာယ် မရှိ စိုးရိမ် ပူပန်မှုသာ တိုးစေသည့် သတင်းစကားတွေကို ချင့်ချိန်ပြီးမှ ယုံကြည် သင့်၏။
အမေနဲ့ ကျနော်က တူ၏။ သူများတွေက ထပ်လှုပ်မယ် အထူးသဖြင့် ကျနော့် အမပေါ့ စိတ်ပူပြီး သူကြားသမျှကို အိမ်သို့ phone လှမ်းဆက်ပြီး သတိပေးတတ်၏။ ထိုအခါတိုင်း ကျနော်ကလည်း ငလျင်လှုပ်မည့် အချိန်ကို ဘယ်သူကမှ အတိအကျ မသိနိုင်ကြောင်း စိတ်မပူသင့်ကြောင်း ဒါပေမယ့် အသိ သတိလေးနဲ့ နေဖို့တော့ လိုကြောင်း ပြန်လည် ရှင်းပြရသေး၏။ အမက အို ဘာပဲ ပြောပြော အမေ့တော့ ပြောပြထားလိုက် ဆိုသဖြင့် အမရေ အဲ့လို အဲ့လိုပဲ အိမ်ပြင်မှာ နေချင် နေလိုက်ဦး ပြောတော့ အို လူဆိုတာ သေတနေ့ မွေးတနေ့ပဲဟုသာ ပြန်ပြောပြီး သူ့သူ လုပ်စရာ ရှိတာ လုပ်နေခဲ့၏။
သတိတော့ ထားပေါ့ အမေရယ်ဟုသာ ကျနော်လည်း ပြန်ပြောလိုက်၏။ သို့ပေမယ့် ကိုယ့်မှာကတော့ အခြေအနေကို သတိထား အကဲခတ်နေရ၏။ ရယ်ရတာက အဲ့အချိန် ကျနော်က အိပ်ရာ ပေါ်မှာ။ အမေက ဟင် သူ့ကျ အိမ်ပြင် ထွက်နေဖို့ ပြောပြီး သားကကျ အိပ်နေတာလားတဲ့လေ။ သားအမိ နှစ်ယောက်က အဲ့လိုပါဆို။ မည်သို့ပင် ဆိုစေ သတိဆိုတာက ပိုတယ်လို့ရယ်တော့ မရှိပေ။ နို့ပေမယ့် အပို လွန်သွားရင်လည်း စိုးရိမ် ပူပန်မှု ဖြစ်စေနိုင်သည် မဟုတ်ပါလား။
(photos from Respective Facebook pages)
စိုးရိမ်နေကာမျှဖြင့် ရှေ့ဆက်နိုင်မည် မဟုတ်။
ကြောက်ရွံ့တတ်ခြင်းသည် သဘာဝသာ ဖြစ်သည်။
AI ကို ငလျင် အကြောင်း မေးကြည့်ဘူးလား။
!LUV
!LOLZ
@donjaun, @golden.future(1/10) sent you LUV. | tools | discord | community | HiveWiki | <>< daily
lolztoken.com
Or what the judge called a “restraining order”
Credit: reddit
@donjaun, I sent you an $LOLZ on behalf of golden.future
(1/10)
ငလျင် App တော့ မေးကြည့်ဖူးတယ်ဗျ။
လူ့စိတ်ဆိုတာကလည်း အခက်သား။
ကြောက်စိတ် ဝင်ထားတော့ တမင်ခြောက်အောင်
ပြောတာလည်း တကယ် ကြောက်နေရှာကြတာ။
!PIZZA
!MEME
Credit: orionvk
Earn Crypto for your Memes @ HiveMe.me!
သေချာ စီစစ် စဉ်းစားပြီး အသိ သတိလေးနဲ့တော့ နေမှရမယ်။
$PIZZA slices delivered:
@htwegyi(2/10) tipped @donjaun
Moon is coming
!LOLZ. !MEME
Credit: orionvk
Earn Crypto for your Memes @ HiveMe.me!
lolztoken.com
They both measure wait.
Credit: reddit
@donjaun, I sent you an $LOLZ on behalf of chanmin
(3/6)
Credit: bitandi
Earn Crypto for your Memes @ HiveMe.me!
!hiqvote