Semi Final :: Loading...
Champion League Quarter Final ပွဲစဉ်များ ကစားအပြီးမှာတော့ Europa League & Europa Conference League Quarter Final ပွဲစဉ်များ ယှဉ်ပြိုင်ကစား၏။ Europa League Quarter Final ပွဲစဉ်တွေမှာတော့ အနိုင်အရှုံး 1 ပွဲသာ အဖြေပေါ်ပြီး ကျန် 3 ပွဲက သရေ ရလဒ်သာ ထွက်ပေါ်ခဲ့၏။ Conference League ဘက်မှာတော့ 4 ပွဲလုံး အရှုံး အနိုင် အဖြေ ထွက်ပေါ်ခဲ့၏။
Lyon အသင်း၏ အိမ်ကွင်းမှာ သွားရောက် ကစားခဲ့သည့် United အသင်း အနေဖြင့် ဂိုးသမား Onana ၏ ဆိုးရွားသော ကာကွယ်မှုတွေကြောင့် သရေ ရလဒ်နှင့်သာ ကျေနပ်ခဲ့ရ၏။ Lyon အသင်း ရရှိသွားသည့် 2 ဂိုးလုံးက Onana ၏ ကာကွယ်ပုံ မသေသပ်၊ မသေချာမှုတွေကြောင့် ပေးလိုက်ရသည်ဟု ပြောလို့ရ၏။ Lyon အသင်းမှာ ကစားနေသည့် United ကစားသမားဟောင်း Matic ပြောလည်း ပြောချင်စရာပင်။ United အသင်း သမိုင်းတလျောက် အဆိုးဆုံး ကစားသမား ဆိုတာကိုပေါ့။
လုံးဝကြီး မကောင်းနေတာမျိုးတော့ မဟုတ်ပေ။ ဒါပေမယ့် ကောင်းသည့်ပွဲက နည်းပြီး မကောင်းသည့် ပွဲက များနေခဲ့၏။ ပြီး လက်စွမ်းက မမှန်နေပေ။ ကောင်းချင်ရင် ကောင်းလိုက်၊ မကောင်းချင်ရင်လည်း မကောင်းနဲ့။ ပထမကျော့မှာတော့ 2-2 ဖြင့် သရေ ကျသွားခဲ့၏။ ဒုတိယကျော့ United အိမ်ကွင်းမှာ မည်သို့ ဖြစ်လာဦးမည် မသိသေးပေ။ ငါတို့ နောက်တဆင့် တက်ပြီးသားဟု ယတိပြတ် မပြောရဲပေ။ ဒီလူစာရင်း ဒီကစားပုံ ဒီဂိုးသမားနဲ့ အပိုင် သေချာ ဘာမှ တပ်အပ် မပြောနိုင်ပေ။
United ကို အားကျလို့ထင် Tottenham အသင်းကလည်း အိမ်ကွင်းမှာ Frankfurt အသင်းနဲ့ 1-1 သရေကျသွားခဲ့၏။ England က အသင်းတွေ အသီးသီး သရေ ရလဒ်တွေ ထွက်ပေါ်ခဲ့ကြပေမယ့် Conference League မှာ ကစားနေသည့် Chelsea ကတော့ အဝေးကွင်းမှာ Poland ကလပ် အသင်း Legia Warszawa ကို 0-3 ဖြင့် ဂိုးပြတ် အနိုင်ရခဲ့၏။
လက်ရှိ ဥရောပ လိဂ်ပွဲစဉ်တွေမှာ ယှဉ်ပြိုင်ကစားနေသည့် England ကလပ်အသင်း 6 သင်း ကျန်ရှိ၏။ Arsenal, Chelsea, Tottenham, Manchester United & Aston Villa တို့ ဖြစ်၏။ London မြို့ခံက 3 သင်း။ Arsenal က Real Madrid ကို 3-0 Chelsea ကလည်း ပြိုင်ဘက်အသင်းကို 0-3 ဂိုးဖြင့် ဂိုးပြတ်တွေချည်း အနိုင်ရထားကြ၏။ မသိရင် Tottenham က London ၏ ဂုဏ်ကို ချနေသည့် အလားပင်။ (Tottenham fan တွေကို နောက်တာပါ)
ပထမကျော့ ရလဒ်တွေက ဒုတိယကျော့ကို ပိုပြီး အရှိန်တက်စေတာကတော့ အမှန်ပင်။ Semi Final အဆင့်ကို တက်လှမ်း နိုင်ဖို့အတွက် ဒုတိယအကျော့ ပွဲစဉ်တွေက အဆုံးအဖြတ်ပေးမည် ဖြစ်၏။ ဘယ်အသင်းတွေ Semi Final အဆင့်သို့ တက်လှမ်းသွားမလဲကတော့ စိတ်ဝင် စားစရာပင်။
(photos from Manchester United Facebook page)
!LOLZ. !MEME
Credit: orionvk
Earn Crypto for your Memes @ HiveMe.me!
lolztoken.com
Lots of gigglebytes!
Credit: reddit
@donjaun, I sent you an $LOLZ on behalf of chanmin
(3/6)
Delegate Hive Tokens to Farm $LOLZ and earn 110% Rewards. Learn more.
Congratulations @donjaun! You have completed the following achievement on the Hive blockchain And have been rewarded with New badge(s)
You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word
STOP
!hiqvote