အကြီးအကျယ်တွေ ကြမ်းနေကြပါလား

avatar

New Jersey မြို့တော်ဝန်ဟာ မြို့တော် ပင်စင်ငွေတွေရဲ့ တစိတ်တပိုင်းကို Bitcoin ETF တွေ ဝယ်ထားဖို့ စီစဉ်နေပါတယ်။ လောလောဆယ်မှာ US SEC (Securities and Exchange Commission) နဲ့ ဥပဒေပိုင်းဆိုင်ရာတွေ တိုင်ပင်နေသလို Wisconsin ပြည်နယ်ရဲ့ လမ်းစဉ်အတိုင်း ပြည်နယ်ပင်စင်ငွေတွေရဲ့ 2% လောက်ကို Bitcoin ETF တွေ ဝယ်စုသွားနိုင်ကြောင်းဆိုထားပါတယ်။

Wisconsin ပြည်နယ်အစိုးရဟာလည်း May လမှာတည်းက ပြည်နယ်ပင်စင်ငွေပေါင်း $156 billion ရဲ့ 2% ကို BlackRock နဲ့ Grayscale တို့ရဲ့ spot Bitcoin ETF တွေ ဝယ်ကိုင်ထားကြောင်း ကြေငြာခဲ့ပါတယ်။
New Jersey မြို့တော်ဝန် Steven Fulop ဟာ အရင်တည်းက cryptocurrency တွေကို အားပေးသူတယောက်ဖြစ်ပေမယ့် အခုမှသာ Bitcoin တွေဝယ်ကိုင်ထားမယ့်အကြောင်း ကြေငြာလာခဲ့တာပါ။

US မှာ spot Bitcoin ETF တွေ launch လုပ်ခဲ့ပြီးနောက်ပိုင်းမှာ US ပြည်နယ်အစိုးရအချို့သာမက JPMorgan နဲ့ Wells Fargo တို့လို ဘဏ္ဍာရေးလုပ်ငန်းစုကြီးတွေကလည်း spot Bitcoin ETF တွေ ဝယ်ကိုင်ထားကြောင်း ကြေငြာလာကြသလို အခုတခါ spot Ethereum ETF တွေကိုလည်း ဘယ်လုပ်ငန်းစုကြီးတွေ၊ အဖွဲ့အစည်းကြီးတွေက ဝယ်ကိုင်လာကြမလဲဆိုတာကို စောင့်ကြည့်ကြရဦးမှာပါ။

Reference Link: https://cointelegraph.com/news/jersey-city-mayor-bitcoin-pension-fund

အကူအညီလိုရင် စာရေး ဆွေးနွေးလို့ရတဲ့ Group ကတော့ ဒီမှာ join နိုင်ပါတယ်
https://t.me/myancrypto
https://t.me/myancryptochannel

Crypto နဲ့ ပတ်သက်တဲ့သင်တန်း video တွေကို ဒီမှာ လေ့လာနိုင်ပါတယ်
https://www.youtube.com/c/MyanCrypto

Crypto ကိုဘယ်ကစရမလဲ လေ့လာနေသူများအတွက် Study Room on Discord
https://discord.gg/zxJK6sVMDH

Binance Myanmar Telegram Group
https://t.me/BinanceBurmese

Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 10% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=UAPFLEFU

Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL



0
0
0.000
2 comments