အရှုံးနဲ့လူ

Sataoshi Nakamoto ဖြစ်ချင်သူကြီး Craig Wright ရဲ့ $2 million တန်ဖိုးရှိ ပိုင်ဆိုင်မှုတွေကို UK အထက်တရားရုံးက သိမ်းယူလိုက်ပါတယ်။ ဒီတခေါက်အမှုကတော့ COPA (Crypto Open Patent Alliance) နဲ့ဖြစ်တာ မဟုတ်ဘဲ podcaster တဦးဖြစ်တဲ့ Peter McCormack နဲ့ အမှုအတွက် သိမ်းဆည်းခံရတာပါ။

Peter ဟာ Craig Wright ဟာ Satoshi Nakamoto မဟုတ်ဘဲ အယောင်ဆောင်နေတာသာဖြစ်ကြောင်း Twitter ပေါ်မှာ tweet တွေတင်၊ Youtube video တွေလုပ်ပြီး ထောက်ပြခဲ့တာကြောင့် သူ့ကို အသရေဖျက်ပါတယ်ဆိုပြီး Craig Wright က Peter ကို တရားစွဲခဲ့တာပါ။ ဒါပေမယ့် Craig Wright ဟာ Satoshi Nakamoto မဟုတ်ကြောင်း တရားရုံးဖက်က အမိန့်ချပြီးနောက်မှာတော့ Peter ကိုလည်း နစ်နာကြေးအဖြစ် လျော်ကြေးပေးဖို့အတွက် $2 million ဖိုး ပိုင်ဆိုင်မှုတွေ သိမ်းဆည်းခံခဲ့ရတာဖြစ်ပါတယ်။

တကယ်တော့ Craig Wright ဟာ သူ့ကိုယ်သူ Satoshi Nakamoto အဖြစ် သက်သေပြဖို့အတွက် စာရွက်စာတမ်းအတုတွေ အားကိုးနဲ့ Bitcoin Core Developer တွေဆီကနေ မူပိုင်ခွင့်အတွက် တရားရုံးမှာ တရားရင်ဆိုင်ခဲ့တာဖြစ်ပေမယ့် နောက်ဆုံးမှာတော့ ငွေတွေလည်းကုန်၊ အရှက်လည်းကွဲ၊ Satoshi Nakamoto အဖြစ်လည်း အသိအမှတ်ပြုမခံခဲ့ရဘဲ အရှုံးနဲ့လူဖြစ်သွားတာပါပဲ။

Reference Link: https://cointelegraph.com/news/united-kingdom-high-court-freezes-craig-wright-assets

အကူအညီလိုရင် စာရေး ဆွေးနွေးလို့ရတဲ့ Group ကတော့ ဒီမှာ join နိုင်ပါတယ်
https://t.me/myancrypto
https://t.me/myancryptochannel

Crypto နဲ့ ပတ်သက်တဲ့သင်တန်း video တွေကို ဒီမှာ လေ့လာနိုင်ပါတယ်
https://www.youtube.com/c/MyanCrypto

Crypto ကိုဘယ်ကစရမလဲ လေ့လာနေသူများအတွက် Study Room on Discord
https://discord.gg/zxJK6sVMDH

Binance Myanmar Telegram Group
https://t.me/BinanceBurmese

Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 10% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=UAPFLEFU

Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL



0
0
0.000
0 comments