ဘယ်တော့ စိမ်းမှာလဲ

Telegram ရဲ့ founder Pavel Durov ဟာ private jet တွေပဲ ရပ်နားလေ့ရှိတဲ့ ပြင်သစ်နိုင်ငံ Le Bourget လေဆိပ်မှာ အဖမ်းခံလိုက်ရပါတယ်။

အစိုးရတွေနဲ့ Telegram
Azerbaijan နိုင်ငံကနေ ပြင်သစ်လေဆိပ်အရောက်မှာ အဖမ်းခံလိုက်ရတာဖြစ်ပြီး ပုံမှန်ဆိုရင် Durov ဟာ Telegram တရားဝင်လည်ပတ်ခွင့်မရှိတဲ့နိုင်ငံတွေကို သွားလေ့မရှိပါဘူး။ Telegram ဟာ လွတ်လပ်စွာပြောရေးဆိုခွင့်ရှိမှုကို အသားပေးတဲ့ platform တခုဖြစ်ကြောင်း Durov က ကြွေးကြော်ထားပြီး Russia အပါအဝင် အစိုးရအတော်များများက သူတို့ကို ဆန့်ကျင်လှုပ်ရှားသူ Telegram user တွေရဲ့ data တွေကို တောင်းဆိုလာတဲ့အခါမှာလည်း လုံးဝထုတ်မပေးခဲ့ပါဘူး။ ဒါကြောင့်လည်း သူ့ရဲ့မွေးရပ်မြေဖြစ်တဲ့ Russia မှာတောင် နေလို့မရတော့ဘဲ UAE မှာပဲ အခြေစိုက်နေခဲ့သလို Telegram ကို စုံစမ်းစစ်ဆေးခံ platform တခုအဖြစ် သတ်မှတ်ထားတဲ့ ဥရောပနိုင်ငံအတော်များများကိုလည်း သွားလေ့မရှိပါဘူး။ ဒါပေမယ့် မနေ့ညကတော့ Azerbaijan နိုင်ငံကနေ ပြင်သစ်လေဆိပ်အရောက်မှာ ဝရမ်းနဲ့အဖမ်းခံလိုက်ရတာဖြစ်ပြီး ခရီးတထောက်ဝင်နားချိန်မှာ အဖမ်းခံလိုက်ရတာဖြစ်ဖို့များပါတယ်။

Telegram နဲ့ Pavel Durov ရဲ့ Freedom of Speech မူဝါဒ
လောလောဆယ်မှာ Durov ကို အကြမ်းဖက်အားပေးမှု၊ မူးယစ်ဆေးဝါးမှု၊ လိမ်လည်မှု၊ ငွေကြေးခဝါချမှု၊ ခိုးရာပါပစ္စည်းလက်ခံမှု၊ သက်ငယ်လိင်ကိစ္စအမှုတွေကို တိုက်ဖျက်ဖို့ ပျက်ကွက်မှုတွေနဲ့ ဖမ်းဆီးထားပြီး စနေနေ့ည 8 နာရီ (မြန်မာအချိန် ည 12 နာရီခွဲ) မှာ တရားစွဲခံရနိုင်ခြေရှိကြောင်း သိရပါတယ်။
တကယ်တော့ Durov ဟာ Telegram ရဲ့ လွတ်လပ်စွာပြောရေးဆိုခွင့်မူအရ Telegram ပေါ်မှာ ပျံ့နှံ့နေတဲ့ လိင်မှုကိစ္စအကြောင်းအရာတွေ၊ ခိုးကူးရုပ်ရှင်ဖြန့်ချိတာတွေ၊ scam account တွေ၊ မူးယစ်ဆေးအရောင်းအဝယ်တွေကို သိလျက်သားနဲ့ ဘာမှမလုပ်ခဲ့ဘဲ ဒီတိုင်းလွှတ်ပေးထားခဲ့သလို အစိုးရတွေဖက်က သတိပေးတာတွေကိုလည်း အရေးမလုပ်ခဲ့တာကြောင့် အခု ပြင်သစ်မြေပေါ်ရောက်တုန်း အမှုပေါင်းစုံတပ်ပြီး ဖမ်းလိုက်တာဖြစ်နိုင်ပါတယ်။

Freedom of Speech ရှိ၊ မရှိ ဘာကွာသလဲ?
Social media အတော်များများဟာ အစိုးရတွေရဲ့ ဗဟိုထိန်းချုပ်မှုအပြည့်အဝရှိနေတဲ့ ဥပဒေတွေအောက်ကနေ လည်ပတ်ကြရပြီးတော့ ဥပမာအဖြစ် Meta ကို ကြည့်နိုင်ပါတယ်။ Meta ရဲ့ Facebook ပေါ်မှာ စကားလုံးလေးများကြမ်းမိတဲ့အခါဆိုရင်တောင် warning ထိတာမျိုးတွေရှိပေမယ့် Telegram ပေါ်မှာကတော့ ပြောချင်သလိုပြော၊ လုပ်ချင်သလိုလုပ်လို့ရနိုင်ပြီးတော့ report တင်ခံရတာများတဲ့အခါမျိုးမှသာ account တွေ ပိတ်ခံရတာ၊ message ပို့ခွင့် ကန့်သတ်ခံရတာမျိုးတွေ ရှိတာပါ။

ကျောင်းတော်ကရန်စတွေ
ဒီလိုမျိုး လွတ်လွတ်လပ်လပ် ရေးသားပြောဆိုဖြန့်ဝေနိုင်မှုတွေကြောင့်လည်း Telegram ကို တဖြည်းဖြည်းနဲ့ လူသုံးများလာကြပြီး user ပေါင်း 1 billion နီးပါးအထိ ရှိလာသလို Telegram ရဲ့လည်ပတ်ပုံဟာ Meta တို့လို လုပ်ငန်းစုကြီးတခုအဖြစ် လည်ပတ်တာမဟုတ်ဘဲ developer team တခုအဖြစ်သာ လည်ပတ်တာဖြစ်တာကြောင့် ပိုပြီးလွတ်လပ်တဲ့ပုံပါပဲ။ ဒါပေမယ့် developer team ထဲကသူတွေ၊ အထူးသဖြင့် Durov လိုမျိုး ခေါင်းဆောင်ပိုင်းတွေကတော့ အသွားအလာ အနေအထိုင် ဆင်ခြင်နေရပြီး သူ့ကို ဖမ်းနိုင်ခြေရှိတဲ့နိုင်ငံတွေကို ခြေမချမိဖို့ သတိထားရပါတယ်။ အခုတော့ ပြင်သစ်မြေကို ခြေချမိတာဟာ သူ့အမှားဖြစ်သွားခဲ့သလို အမှုတွေတသီကြီးနဲ့ ရင်ဆိုင်ရနိုင်ပြီး ထောင်ဒဏ် အနှစ် 20 အထိ ချမှတ်ခံရနိုင်ကြောင်း မှတ်ချက်ပေးနေကြပါတယ်။

#FreePavel
Durov အဖမ်းခံရမှုနဲ့ဆက်စပ်လို့ Elon Musk အပါအဝင် ကမ္ဘာတဝှမ်းက လူပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေကလည်း Durov နဲ့အတူ ရပ်တည်ကြောင်း #FreePavel ဆိုတဲ့ hashtag တွေနဲ့ ထုတ်ပြန်ထားကြပြီး Durov အဖမ်းခံရမှုဟာ လွတ်လပ်စွာပြောရေးဆိုခွင့်ရှိမှုကို စိန်ခေါ်ခံရတာဖြစ်ကြောင်း ဆိုထားကြပါတယ်။

TON ကရော LUNA ခြေရာလိုက်နင်းတော့မှာလား?
Durov အဖမ်းခံရကြောင်း သတင်းထွက်ပြီးပြီးချင်းမှာပဲ Telegram ရဲ့ TON ဟာလည်း 12% အထိဈေးထိုးကျသွားခဲ့ပြီး LUNA ခြေရာနင်းတော့မယ်ဆိုပြီး FUD (Fear, Uncertainty, Doubt) တွေလည်း ပျံ့နေပါတယ်။ ဒါပေမယ့် အခုချိန်မှာ LUNA ခြေရာနင်းတယ်ပြောဖို့က စောလွန်းနေသေးပြီး Durov ထောင်ကျတယ်ဆိုရင်တောင် Telegram ရဲ့ ecosystem ဟာ ဆက်ရှိနေဦးမှာဖြစ်သလို TON ဟာလည်း native token အဖြစ် ဆက်ပြီးလည်ပတ်နေဦးမှာဖြစ်တာကြောင့် သတင်းတွေကို မျက်ခြည်မပြတ် ဆက်ပြီးစောင့်ကြည့်ပေးဖို့ လိုအပ်ပါတယ်။
#FreePavel

အကူအညီလိုရင် စာရေး ဆွေးနွေးလို့ရတဲ့ Group ကတော့ ဒီမှာ join နိုင်ပါတယ်
https://t.me/myancrypto
https://t.me/myancryptochannel

Crypto နဲ့ ပတ်သက်တဲ့သင်တန်း video တွေကို ဒီမှာ လေ့လာနိုင်ပါတယ်
https://www.youtube.com/c/MyanCrypto

Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 10% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=UAPFLEFU

Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL



0
0
0.000
0 comments