ဘယ်တော့များမှ ခရစ်ပတိုတွေ စင်ပေါ်ရောက်မှာလဲ

Hong Kong ရဲ့ spot Bitcoin နဲ့ Ethereum ETF တွေဟာ ပထမတစ်ပတ်အတွင်းမှာ $22.5 million သာ အဝင်ရှိခဲ့ပါတယ်။

US ရဲ့ spot Bitcoin ETF တွေနောက်မှာ Asia ကိုလည်း crypto ETF တွေ ယူလာမယ်ဆိုပြီး ETF service တွေ စခဲ့ကြပေမယ့် US ဈေးကွက်နဲ့ယှဉ်လိုက်ရင်တော့ မှန်းချက်နဲ့နှမ်းထွက်မကိုက်ဖြစ်နေတာပါ။

ဒါပေမယ့် Hong Kong ဒေသတွင်းက crypto ရင်းနှီးမြှုပ်နှံသူတွေရဲ့ 80% နီးပါးဟာ crypto ETF တွေမှာ ရင်းနှီးမြှုပ်နှံချင်ကြကြောင်း စစ်တမ်းတွေထွက်ထားသလို Hong Kong ရဲ့ $310 million ဖိုး ETF marketcap တွေဟာ US ရဲ့ $50 billion marketcap နဲ့တော့ ယှဉ်လို့ရနိုင်မှာမဟုတ်ကြောင်းလည်း Bloomberg ETF ကျွမ်းကျင်သူ Eric Balchunas က သုံးသပ်ထားပါတယ်။

နောက်တစ်ချက်ကတော့ တရုတ်ပြည်မကြီးအတွင်းက ရင်းနှီးမြှုပ်နှံသူတွေဟာ Hong Kong ETF တွေမှာ ရင်းနှီးမြှုပ်နှံခွင့်မရှိတဲ့အချက်ကလည်း ETF ဈေးကွက်ကို ထင်သလောက်မပေါက်စေတဲ့ အကြောင်းရင်းတစ်ချက်ဖြစ်နေစေပါတယ်။ Hong Kong မှာ နေထိုင်ကြောင်းအထောက်အထားရှိသူတွေကိုသာ ETF service ပေးခွင့်ရှိတဲ့အချက်ဟာ ETF ဈေးကွက်ကို ချုပ်ထားသလိုဖြစ်နေပြီး တရုတ်ပြည်မကြီးနဲ့သာ ချိတ််ဆက်လိုက်နိုင်မယ်ဆိုရင် US ဈေးကွက်နဲ့ကို အပြိုင်အဆိုင်တွေဖြစ်လာမှာပါ။

တရုတ်ပြည်မကြီးဟာ cryptocurrency တွေကို အလုံးစုံ ban ထားတာကြောင့် နိုင်ငံသားတွေကို crypto နဲ့ပတ်သက်တဲ့ အရာတွေ ပေးမလုပ်တာဖြစ်နိုင်ပါတယ်။ ဒါပေမယ့်လည်း Bitcoin mining မှာ တရုတ်က နံပါတ် 2 ချိတ်နေဆဲဖြစ်သလို crypto company အတော်များများဟာလည်း တရုတ်နိုင်ငံတွင်း လည်ပတ်နေဆဲဖြစ်တာကြောင့် သွန်လိုသွန်၊ မှောက်လိုမှောက် ဥပဒေဖြစ်နေပုံပါပဲ။

Reference Link: https://cointelegraph.com/news/hong-kong-spot-bitcoin-ether-etfs-struggle-gain-traction

အကူအညီလိုရင် စာရေး ဆွေးနွေးလို့ရတဲ့ Group ကတော့ ဒီမှာ join နိုင်ပါတယ်
https://t.me/myancrypto
https://t.me/myancryptochannel

Crypto နဲ့ ပတ်သက်တဲ့သင်တန်း video တွေကို ဒီမှာ လေ့လာနိုင်ပါတယ်
https://www.youtube.com/c/MyanCrypto

Crypto ကိုဘယ်ကစရမလဲ လေ့လာနေသူများအတွက် Study Room on Discord
https://discord.gg/zxJK6sVMDH

Binance Myanmar Telegram Group
https://t.me/BinanceBurmese

Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 10% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=TA690MBH

Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL



0
0
0.000
0 comments