ဒါမျိုး မှ

avatar

El Salvador သမ္မတ Nayib Bukele ကတော့ El Salvador နိုင်ငံတွင်းနည်းပညာဆိုင်ရာ ဆန်းသစ်တီထွင်မှုတွေအားလုံးအတွက် အခွန်ကင်းလွတ်ခွင့်ဥပဒေကို လက်မှတ်ရေးထိုးလိုက်ပါပြီ။

ဒီဆန်းသစ်တီထွင်လုပ်ငန်းတွေထဲမှာ crypto လိုမျိုး နည်းပညာအသစ်အဆန်းလုပ်ငန်းတွေ၊ software နဲ့ app programming လုပ်ငန်းတွေ၊ AI development လုပ်ငန်းတွေ၊ computer hardware ထုတ်လုပ်ဖြန့်ချိတဲ့လုပ်ငန်းတွေပါဝင်ပြီး ဒီလုပ်ငန်းတွေအားလုံးအတွက် ဝင်ငွေခွန်၊ ပစ္စည်းခွန်၊ သွင်းကုန်အခွန် အကုန်လုံးကင်းလွတ်ခွင့်ပေးလိုက်တာပါ။

Uncle Sam တို့က crypto company တွေကို US ကနေ ပ,ထုတ်ပစ်ချင်နေတဲ့အချိန်ကောင်းမှာမှ El Salvador ကနေ ဒီလိုနည်းပညာလုပ်ငန်းတွေအတွက် အခွန်ကင်းလွတ်ခွင့်ပြုလိုက်တာဟာ El Salvador မှာ လုပ်ငန်းလာလုပ်ကြပါလို့ crypto company တွေနဲ့ နည်းပညာ company တွေကို ဖိတ်ခေါ်လိုက်သလိုပါပဲ။

တကယ်တော့ El Salvador ဟာ Bitcoin City တည်ဆောက်ဖို့ project တွေလည်း ဆွဲထားပြီးပြီဖြစ်ပြီးတော့ ဒီ project တွေထဲမှာ မီးတောင်ကရတဲ့ စွမ်းအင်ကို လျှပ်စစ်ဓာတ်အားအဖြစ်ပြန်ပြောင်းပြီး crypto mining တွေ လုပ်ဖို့ plan လည်း ပါဝင်တာကြောင့် El Salvador ဟာ နောင်လာမယ့်နှစ်တွေအတွင်းမှာ crypto လောကရဲ့ နိဗ္ဗာန်ဘုံဖြစ်လာတော့မယ်လို့ ခန့်မှန်းပြောဆိုမှုတွေရှိနေပါပြီ။

Reference Link: https://bitcoinist.com/el-salvador-signs-law-tax-innovations-for-bitcoin/

အကူအညီလိုရင် စာရေး ဆွေးနွေးလို့ရတဲ့ Group ကတော့ ဒီမှာ join နိုင်ပါတယ်
https://t.me/myancrypto
https://t.me/myancryptochannel

Crypto နဲ့ ပတ်သက်တဲ့သင်တန်း video တွေကို ဒီမှာ လေ့လာနိုင်ပါတယ်
https://www.youtube.com/c/MyanCrypto

Crypto ကိုဘယ်ကစရမလဲ လေ့လာနေသူများအတွက် Study Room on Discord
https://discord.gg/zxJK6sVMDH

Binance Myanmar Telegram Group
https://t.me/BinanceBurmese

Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 20% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=V2505T65

Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL



0
0
0.000
0 comments