ဒို့ အရေး

avatar

Binance နဲ့ Coinbase တို့ကို US SEC ဖက်က ဆက်တိုက်တရားစွဲခဲ့ပြီးနောက်ပိုင်းမှာ Ohio ပြည်နယ်ကိုယ်စားပြုအမတ် Warren Davidson ဦးဆောင်တဲ့ US အထက်လွှတ်တော်အမတ်တွေဟာ “SEC Stabilization Act” ဆိုတဲ့ ဥပဒေကြမ်းတစ်ရပ်ကို အဆိုပြုလာခဲ့ပါတယ်။ ဒီအဆိုပြုချက်ရဲ့ အဓိကရည်ရွယ်ချက်ကတော့ လက်ရှိ SEC Chairman ဖြစ်တဲ့ Gary Gensler ကို ဖြုတ်ချပြီး SEC ကို ပြန်လည်ဖွဲ့စည်းဖို့ပါ။

နိုင့်ထက်စီးနင်းလုပ်တတ်တဲ့ Gary Gensler လိုမျိုး ခေါင်းဆောင်ဆီကနေ US ရဲ့ ငွေကြေးဈေးကွက်တွေကို ကာကွယ်ပေးဖို့ လိုအပ်နေကြောင်း၊ အခုအဆိုပြုထားတဲ့ ဥပဒေကြမ်းဟာလည်း အာဏာအသုံးချပြီး အနိုင်ကျင့်တာတွေမရှိစေဖို့နဲ့ Gar Gensler ကို ဖြုတ်ချ၊ SEC ကို ပုံစံအသစ်နဲ့ ပြန်လည်ဖွဲ့စည်းနိုင်ဖို့ဖြစ်ကြောင်း Davidson က ဆိုထားပါတယ်။

အခုလက်ရှိ SEC ရဲ့ ဖွဲ့စည်းပုံအရ SEC Chairman ကသာ လုပ်ပိုင်ခွင့်အရှိဆုံးဖြစ်နေပြီးတော့ Chairman အမိန့်ပေးတဲ့အတိုင်း သူ့လက်အောက်က Commissioner တွေက လိုက်လုပ်ပေးနေရတာဖြစ်ပါတယ်။ Warren Davidson အဆိုပြုထားတဲ့ SEC Act မှာတော့ commission 6 ယောက်ကနေ ဆွေးနွေးညှိနှိုင်းထားတဲ့ ရလဒ်ကိုမှ Chairman က အတည်ပြုပေးရတဲ့ ပုံစံဖြစ်လာမှာပါ။

US အခြေစိုက် crypto company တွေကို Gensler ဦးဆောင်တဲ့ US SEC က သိသိသာသာဖိနှိပ်မှုတွေ လုပ်လာတဲ့အပေါ် ဝေဖန်မှုတွေ အရမ်းမြင့်တက်နေပြီး Twitter မှာလည်း #FireGensler ဆိုတဲ့ hashtag က trending ဖြစ်လာပါတယ်။

Reference Link: https://cointelegraph.com/news/breaking-us-lawmakers-file-sec-stabilization-act-to-fire-gary-gensler

အကူအညီလိုရင် စာရေး ဆွေးနွေးလို့ရတဲ့ Group ကတော့ ဒီမှာ join နိုင်ပါတယ်
https://t.me/myancrypto
https://t.me/myancryptochannel

Crypto နဲ့ ပတ်သက်တဲ့သင်တန်း video တွေကို ဒီမှာ လေ့လာနိုင်ပါတယ်
https://www.youtube.com/c/MyanCrypto

Crypto ကိုဘယ်ကစရမလဲ လေ့လာနေသူများအတွက် Study Room on Discord
https://discord.gg/zxJK6sVMDH

Binance Myanmar Telegram Group
https://t.me/BinanceBurmese

Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 20% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=V2505T65

Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL



0
0
0.000
2 comments