ကြာနေလိုက်

Binance နဲ့ Nigeria အစိုးရတို့ရဲ့ အမှုကတော့ သက်တမ်းရှည်ကြာဦးမယ့်ပုံပါပဲ။ Binance ရဲ့ FCC (Financial Crime Compliance) ခေါင်းဆောင်ဖြစ်တဲ့ Tigran Gambarnyan ကို အခွန်ရှောင်မှု၊ ငွေကြေးခဝါချမှုတွေနဲ့ Nigeria အစိုးရက ဖမ်းဆီးထားခဲ့ပြီးနောက်မှာ အာမခံနဲ့လွှတ်ပေးဖို့ အယူခံကိုပယ်ချခဲ့သလို ပြည်ပနိုင်ငံထွက်ခွာခွင့်ကိုလည်း လုံးဝကန့်သတ်လိုက်ပါတယ်။

တကယ်တော့ Gambarnyan ဟာ Binance နဲ့ Nigeria အစိုးရတို့ကြားက ပြဿနာတွေမှာ ပါဝင်ဆွေးနွေးပေးဖို့အတွက် February လကမှ Nigeria နိုင်ငံကို ရောက်လာခဲ့တာဖြစ်ပြီး Nigeria အစိုးရက Gambarnyan နဲ့အတူ Binance ရဲ့ အကြီးတန်းအရာရှိနောက်တစ်ဦးကို ငွေကြေးခဝါချမှု၊ အခွန်ရှောင်မှုစွဲချက်တွေနဲ့ ဖမ်းဆီးထိန်းသိမ်းခဲ့တာပါ။

Binance ဟာ ပြည်တွင်းက နိုင်ငံခြားငွေကြေးဈေးကွက်ကို လွှမ်းမိုးချုပ်ကိုင်ခဲ့ကြောင်းနဲ့အတူ ငွေကြေးခဝါချမှုတွေ လုပ်ခဲ့ကြောင်း Nigeria အစိုးရက စွပ်စွဲခဲ့တာကြောင့် Binance အနေနဲ့ Nigeria ငွေကြေး Naira ကို p2p platform ပေါ်က ဖြုတ်ချခဲ့သလို Nigeria ဈေးကွက်ကနေပါ ထွက်ခွာမှာဖြစ်ကြောင်း ကြေငြာခဲ့ပါတယ်။
ဒါပေမယ့် Nigeria အစိုးရကတော့ လွယ်လွယ်နဲ့ အလွတ်ပေးမယ့်ပုံမဟုတ်ဘဲ Gambarnyan တို့ကို ထိန်းသိမ်းထားပြီး တရားရုံးကနေ ဆက်ရှင်းဦးမယ့် သဘောရှိပါတယ်။

Binance ကတော့ Gambarnyan တို့ လွတ်မြောက်ရေးအတွက် Nigeria အစိုးရနဲ့ ညှိနှိုင်းနေကြောင်း ဆိုထားပေမယ့် အခြေအနေတွေက ပိုပိုဆိုးလာပုံပါပဲ။

Reference Link: https://www.dlnews.com/articles/regulation/nigerian-judge-denied-bail-for-binance-exec-tigran-gambaryan/

အကူအညီလိုရင် စာရေး ဆွေးနွေးလို့ရတဲ့ Group ကတော့ ဒီမှာ join နိုင်ပါတယ်
https://t.me/myancrypto
https://t.me/myancryptochannel

Crypto နဲ့ ပတ်သက်တဲ့သင်တန်း video တွေကို ဒီမှာ လေ့လာနိုင်ပါတယ်
https://www.youtube.com/c/MyanCrypto

Crypto ကိုဘယ်ကစရမလဲ လေ့လာနေသူများအတွက် Study Room on Discord
https://discord.gg/zxJK6sVMDH

Binance Myanmar Telegram Group
https://t.me/BinanceBurmese

Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 10% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=TA690MBH

Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL



0
0
0.000
0 comments