မရောင်းကြနဲ့တဲ့

US အစိုးရအနေနဲ့ လက်ရှိ ပိုင်ဆိုင်ထားတဲ့ Bitcoin တွေကို ထုတ်မရောင်းသင့်ကြောင်း Donald Trump က ပြောခဲ့ပြီးနောက်မှာ US အစိုးရက Bitcoin $2 billion ဖိုးကို အပြင် wallet တခုစီ ရွှေ့ပြောင်းခဲ့ပါတယ်။ US အစိုးရအနေနဲ့ Bitcoin တွေ ထုတ်ထုတ်ရောင်းနေပြီး crypto ပိုင်းမှာ ဆန်းသစ်တီထွင်တာတွေ မလုပ်နိုင်၊ အားမပေးနိုင်ဘူးဆိုရင် တရုတ်က ဝင်လုပ်သွားမှာဖြစ်ကြောင်း မကြာသေးခင်က interview မှာ တခါ ထပ်ပြီး သတိပေးခဲ့ပြန်ပါတယ်။

US ရဲ့ နိုင်ငံတော်ကြွေးမြီ $35 trillion ကိုလည်း အချိန်နဲ့အမျှ ဖောင်းပွလာနေတဲ့ USD အစား supply ကန့်သတ်ထားတဲ့ Bitcoin ကို သုံးပြီး ပေးချေသွားဖို့ အစီအစဉ်ကိုလည်း ထုတ်ပြောခဲ့ပါသေးတယ်။

ဒါပေမယ့် လက်ရှိ US အစိုးရကတော့ သိမ်းဆည်းရမိထားတဲ့ Ethereum တွေကို wallet အသစ်တခုဆီ ရွှေ့လိုက်ပြန်ပါပြီ။ အရင်က သိမ်းဆည်းထားခဲ့တဲ့ US အစိုးရပိုင် wallet ထဲမှာ ETH တွေ မကျန်တော့ဘဲ wallet အသစ်တခုထဲကို 300 ETH လုံး ရွှေ့လိုက်တာဖြစ်ပြီး ထုတ်ရောင်းဖို့ ရွှေ့တာဆိုရင်တော့ ဈေးကွက်အပေါ် သက်ရောက်မှု ရှိလာဦးမှာပါ။

Spot Ethereum ETF တွေ launch လုပ်လာခဲ့ပြီးနောက်ပိုင်းမှာ ETH ဈေးဟာ အားရလောက်စရာ အနေအထားတခုအထိ တက်မလာခဲ့တဲ့အပြင် လတ်တလော stock market crash ကြောင့် ဈေးတွေ ထိုးကျရာမှာတော့ ETH ဈေးတွေဟာ ကျသထက်ကို ပိုပိုကျသွားခဲ့ပါတယ်။ ဒါကြောင့် ဒီလိုအခြေအနေမျိုးမှာ US အစိုးရကပါ ETH တွေ ထုတ်ရောင်းမယ်ဆိုရင်တော့ တော်တော်ကို အခြေအနေဆိုးသွားနိုင်ပါတယ်။

Reference Link: https://cointelegraph.com/news/us-government-transfers-300-eth-arkham-intelligence

အကူအညီလိုရင် စာရေး ဆွေးနွေးလို့ရတဲ့ Group ကတော့ ဒီမှာ join နိုင်ပါတယ်
https://t.me/myancrypto
https://t.me/myancryptochannel

Crypto နဲ့ ပတ်သက်တဲ့သင်တန်း video တွေကို ဒီမှာ လေ့လာနိုင်ပါတယ်
https://www.youtube.com/c/MyanCrypto

Crypto ကိုဘယ်ကစရမလဲ လေ့လာနေသူများအတွက် Study Room on Discord
https://discord.gg/zxJK6sVMDH

Binance Myanmar Telegram Group
https://t.me/BinanceBurmese

Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 10% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=UAPFLEFU

Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL



0
0
0.000
0 comments