နောက်ထပ် ခြေလှမ်း

US အခြေစိုက် ငွေပေးချေဝန်ဆောင်မှုပေးတဲ့ Stripe company ဟာ stablecoin platform တခုဖြစ်တဲ့ Bridge ကို $1.1 billion အထိ ပေးပြီး ဝယ်ယူလိုက်ပါတယ်။ Bridge ဟာ စီးပွားရေးလုပ်ငန်းတွေအနေနဲ့ stablecoin တွေနဲ့ ငွေလက်ခံချင်ရင် လက်ခံလို့ရအောင် ဝန်ဆောင်မှုပေးတဲ့ software company တခုဖြစ်ပြီးတော့ Stripe ရဲ့ Bridge ကို ဝယ်ယူလိုက်မှုဟာ crypto နယ်ပယ်ထဲ ခြေဆန့်ဝင်လာတော့မယ့် အရိပ်အယောင်တခုလည်းဖြစ်နိုင်ပါတယ်။

ဒါ့အပြင် Bridge ကို $1.1 billion နဲ့ ဝယ်ယူလိုက်တာဟာ Stripe ရဲ့ သမိုင်းတလျှောက်မှာတော့ ဈေးအကြီးဆုံးဝယ်ယူမှုတခုလည်းဖြစ်သလို crypto နယ်ပယ်မှာလည်း အကြီးဆုံးဝယ်ယူမှုတွေထဲက တခုဖြစ်လာခဲ့ပါတယ်။ Bridge ဟာ စွန့်ဦးတီထွင်သူ 2 ဦးဖြစ်တဲ့ Sean Yu နဲ့ Zach Abrams တို့ရဲ့ လက်ရာဖြစ်သလို Zach Abrams ဟာ Coinbase ဝန်ထမ်းဟောင်းတဦးလည်းဖြစ်ပါတယ်။

ဒီပုဂ္ဂိုလ် 2 ဦးဟာ အရင်ကလည်း Venmo နဲ့ ပြိုင်ဖက်ဖြစ်လာမယ့် Evenly ကို Block ဆီကို ထုတ်ရောင်းခဲ့ဖူးသေးတာကြောင့် ငွေပေးချေဝန်ဆောင်မှုတွေနဲ့ အတော်လေးအကျိုးပေးတဲ့သူတွေလို့ ဆိုရမှာပါ။

အခု Bridge ကတော့ ရင်းနှီးမြှုပ်နှံသူတွေဆီကနေ $58 million အထိ funding ရရှိထားပြီး Forbes မဂ္ဂဇင်းရဲ့ ဖော်ပြချက်အရတော့ company တန်ဖိုးဟာ $200 million မှာ ရှိနေပါတယ်။ ဒါပေမယ့် Stripe က $1.1 billion အထိ ပေးဝယ်ခဲ့တာကြောင့် company တန်ဖိုးဟာ 5 ဆလောက်အထိ တက်သွားခဲ့ပြီး Stripe အနေနဲ့ သူတို့ရဲ့ USDC ငွေပေးချေဝန်ဆောင်မှုတွေနေရာမှာ Bridge ကို ထည့်သုံးလာနိုင်ပါတယ်။

လောလောဆယ်မှာလည်း Stripe ဟာ US က စီးပွားရေးလုပ်ငန်းတွေကို Ethereum၊ Solana နဲ့ Polygon network တွေပေါ်ကနေ USDC နဲ့ ငွေလက်ခံနိုင်ဖို့ ဝန်ဆောင်မှုပေးနေပြီး Coinbase exchange နဲ့လည်း partnership တွေရှိထားပါတယ်။

Reference Link: https://www.theblock.co/post/322144/stripe-acquires-stablecoin-platform-bridge-for-1-1-billion-in-cryptos-largest-acquisition-techcrunch

အကူအညီလိုရင် စာရေး ဆွေးနွေးလို့ရတဲ့ Group ကတော့ ဒီမှာ join နိုင်ပါတယ်
https://t.me/myancrypto
https://t.me/myancryptochannel

Crypto နဲ့ ပတ်သက်တဲ့သင်တန်း video တွေကို ဒီမှာ လေ့လာနိုင်ပါတယ်
https://www.youtube.com/c/MyanCrypto

Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 10% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=UAPFLEFU

Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL



0
0
0.000
0 comments