ပေးမှာလား

avatar

US IRS (Internal Revenue Service) ဟာ FTX ဒေဝါလီအမှုကနေ $44 billion ရလိုကြောင်း တရားရုံးကို အဆိုတင်လာခဲ့ပါတယ်။ ဒီရလိုမှုတွေထဲမှာ အများဆုံးကတော့ FTX လုပ်ငန်းခွဲ Alamada Research ရဲ့ ဝင်ငွေခွန်တွေနဲ့ ဆက်စပ်နေတဲ့$20.4 billion ဖြစ်ပြီးတော့ အခြားရလိုမှုပေါင်း 44 ခုရှိပါသေးတယ်။

ဒါပေမယ့် အားလုံးထဲမှာ FTX ဆီကထက် Alamada Research ဆီက ရလိုမှုတွေဟာ ပိုများပြီးတော့ partnership စာချုပ်တွေအတွက် အခွန်ဆောင်ဖို့ ကျန်နေတာတွေ၊ ဝင်ငွေခွန်တွေ အဓိကပါဝင်ပါတယ်။ Alameda Research ဟာ Hong Kong မှာ အခြေစိုက်ထားတာဖြစ်ပေမယ့် founder တွေဖြစ်တဲ့ SBF နဲ့ Caroline Ellison တို့ကတော့ US နိုင်ငံသားတွေဖြစ်တာကြောင့် US ရဲ့ နိုင်ငံသားအခြေပြုအခွန်ကောက်ခံတဲ့ဥပဒေအရ US နိုင်ငံသားတွေက ဘယ်နိုင်ငံမှာပဲလုပ်ငန်းသွားလုပ်လုပ် အခွန်တွေကိုတော့ အနည်းနဲ့အများ ဆောင်နေရဦးမှာဖြစ်ပါတယ်။

IRS ဖက်က $44 billion ရလိုကြောင်းဆိုထားပေမယ့်လည်း FTX ဖက်က မြုပ်နေတဲ့ငွေတွေကို ပြန်ဖော်ရာမှာ $7.3 billion ပဲ ပြန်ရနိုင်သေးပြီးတော့ နောက်နှစ်ထဲမှာမှ လုပ်ငန်းပြန်စနိုင်ဖို့ ကြေငြာထားတာကြောင့် လုပ်ငန်းပြန်စဖြစ်မှ IRS ကို $44 billion ပေးလို့ရနိုင်မယ့်အခြေအနေပါပဲ။

Reference Link: https://cointelegraph.com/news/irs-claiming-44b-from-ftx-bankruptcy-report

အကူအညီလိုရင် စာရေး ဆွေးနွေးလို့ရတဲ့ Group ကတော့ ဒီမှာ join နိုင်ပါတယ်
https://t.me/myancrypto
https://t.me/myancryptochannel

Crypto နဲ့ ပတ်သက်တဲ့သင်တန်း video တွေကို ဒီမှာ လေ့လာနိုင်ပါတယ်
https://www.youtube.com/c/MyanCrypto

Crypto ကိုဘယ်ကစရမလဲ လေ့လာနေသူများအတွက် Study Room on Discord
https://discord.gg/zxJK6sVMDH

Binance Myanmar Telegram Group
https://t.me/BinanceBurmese

Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 20% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=V2505T65

Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL



0
0
0.000
0 comments