ပြန်များ လာလေသလား

Bitcoin ရဲ့ ပထမဆုံး wallet ထဲကို $1.17 million ဝင်ထားပါတယ်။ ဒီ wallet ဟာ Bitcoin ဖန်တီးရှင် Satoshi Nakamoto ရဲ့ wallet လည်းဖြစ်ပြီးတော့ 2010 ခုနှစ် Satoshi တစ်ယောက် offline ဖြစ်သွားပြီးနောက်ပိုင်းမှာ လုံးဝ active မဖြစ်တော့တဲ့ genesis wallet တစ်ခုလည်းဖြစ်ပါတယ်။
January လ 5 ရက်နေ့မှာတော့ wallet အသစ်တစ်ခု ထဲကနေ Satoshi ရဲ့ wallet ထဲကို 26.9 Bitcoin ($1.17 million ကျော်) ဝင်ထားပါတယ်။ ဒီ transaction အတွက် fees ဟာလည်း $100 အထိ ရှိခဲ့ပြီး ပုံမှန်ထက် များတဲ့ပမာဏတစ်ခုပါ။

ဒီ wallet ထဲကိုငွေသွင်းထားတာကတော့ Binance၊ Coinbase တို့နဲ့ ပုံမှန်နီးပါးငွေအဝင်အထွက်ရှိနေတဲ့ wallet တစ်ခုဖြစ်ပါတယ်။ $1.17 million ဆိုတဲ့ပမာဏဟာ များလွန်းတာကြောင့် အကြောင်းထူးမရှိဘဲနဲ့တော့ လွှဲမယ်မထင်ပါဘူး။
တချို့ကတော့ Satoshi Nakamoto ကိုယ်တိုင်ပြန်လာပြီးတော့ သူ့ wallet ထဲ Bitcoin တွေဝယ်ထည့်နေတာဖြစ်ကြောင်း မှတ်ချက်ပေးကြသလို တချို့ကလည်း Bitcoin ETF အတွက် marketing ဆင်းတာသာဖြစ်ကြောင်း မှတ်ချက်ပြုကြပါတယ်။

Satoshi ရဲ့ wallet ထဲကို Bitcoin တွေပို့ကြတာ အခုမှတော့ မဟုတ်ပါဘူး။ 2010 ခုနှစ်မှာ Satoshi offline ဖြစ်သွားချိန် သူ့ရဲ့ wallet ထဲမှာ 50 BTC ကျန်နေခဲ့ပါတယ်။ Bitcoin ရဲ့ 14 နှစ်ပြည့်မွေးနေ့မှာတော့ တစ်ကမ္ဘာလုံးက Bitcoin user တွေကနေ Satoshi ရဲ့ wallet ထဲကို အမှတ်တရအနေနဲ့ Bitcoin တွေပို့ပေးခဲ့ကြတာကြောင့် 72 BTC အထိ ရှိနေခဲ့ပါတယ်။ အခု 26.9 BTC ဝင်ပြီးနောက်မှာတော့ Satoshi ရဲ့ wallet ထဲမှာ 99.67 BTC အထိ ရှိနေပါပြီ။

Reference Link: https://cointelegraph.com/news/bitcoins-first-wallet-sees-1-17-m-in-surprise-transaction

အကူအညီလိုရင် စာရေး ဆွေးနွေးလို့ရတဲ့ Group ကတော့ ဒီမှာ join နိုင်ပါတယ်
https://t.me/myancrypto
https://t.me/myancryptochannel

Crypto နဲ့ ပတ်သက်တဲ့သင်တန်း video တွေကို ဒီမှာ လေ့လာနိုင်ပါတယ်
https://www.youtube.com/c/MyanCrypto

Crypto ကိုဘယ်ကစရမလဲ လေ့လာနေသူများအတွက် Study Room on Discord
https://discord.gg/zxJK6sVMDH

Binance Myanmar Telegram Group
https://t.me/BinanceBurmese

Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 20% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=V2505T65

Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL



0
0
0.000
6 comments
avatar

ကိုယ်တွေ wallet ဆီလည်း မျက်စိလည် လမ်းမှားကြပါဦးလားလို့။
😂

0
0
0.000
avatar

ကိုယ့် wallet ထဲကိုလည်း အဲလို လာပို့ကြရင် ကောင်းမယ် ၁ bitcoin လောက်ရရင် တော်ပါပြီ !PIZZA

0
0
0.000