တက်လိုက် ကျလိုက်
အရှေ့အလယ်ပိုင်းကတော့ စစ်မီးတောက်ဖို့ အစပျိုးလာပြန်ပါပြီ။ Israel နိုင်ငံထဲကို Iran ဖက်က drone တွေ နဲ့ ဒုံးတွေ ပစ်လွှတ်ခဲ့ပြီး ရက်ပိုင်းအကြာမှာ Israel ကလည်း Iran နိုင်ငံရဲ့ နျူစက်ရုံတွေတည်ရှိရာဒေသဆီကို ဒုံးကျည်တွေပစ်လွှတ်တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ တဖန် Iran ကလည်း သူတို့ကိုထိလာရင် အမြင့်ဆုံး ပြန်လည်တုံ့ပြန်သွားမယ်လို့ ဆိုထားခဲ့တာကြောင့် စစ်ပွဲက ဆက်ပြီးအရှိန်မြင့်လာဦးမယ့်ပုံပါပဲ။
စစ်ပွဲသတင်းတွေကြောင့် ကမ္ဘာ့ရွှေဈေးနဲ့ ရေနံဈေးတွေ မြင့်တက်သွားခဲ့ပြီး cryptocurrency ဈေးကွက်ကတော့ အတက်အကျ ကြမ်းနေပါတယ်။ Israel ရဲ့ ဒုံးကျည်တွေပစ်ခတ်ခဲ့ကြောင်း သတင်းတွေထွက်လာပြီးနောက်မှာ $60k အောက်အထိ ဈေးတွေထိုးကျသွားခဲ့ပေမယ့် နာရီအနည်းငယ်အကြာမှာတင်ပဲ $65k အထိ ဈေးတွေ ပြန်ထောင်တက်လာခဲ့ပြန်ပါတယ်။
Israel ရဲ့ နောက်မှာ US အမှူးပြုတဲ့ အနောက်အုပ်စုရှိနေပြီး Iran ရဲ့ နောက်မှာတော့ Russia အမှူးပြုတဲ့အုပ်စုရှိနေတာကြောင့် သူတို့မြှောက်ပေးရင်မြှောက်ပေးသလို ပိုဆိုးလာနိုင်ပါတယ်။
စစ်ပွဲသတင်းတွေကြောင့် ဈေးအတက်အကျကြမ်းတာတွေအပြင် မနက်ဖြန်မနက်စောစောမှာလည်း Bitcoin halving ဖြစ်လာတော့မှာကြောင့် ဈေးအတက်အကျထပ်ကြမ်းဦးမှာပါ။
များသောအားဖြင့်တော့ Bitcoin halving ပြီးတဲ့အခါမှာ ဈေးတွေကျတတ်ပေမယ့် အခုချိန်မှာကတော့ သတင်းပေါ်မူတည်ပြီး ဈေးအတက်အကျတွေဖြစ်နေတာကြောင့် ဘာဆက်ဖြစ်မယ်ဆိုတာ အတိအကျ ခန့်မှန်းလို့မရနိုင်ပါဘူး။
Reference Link: https://cointelegraph.com/news/bitcoin-briefly-dips-under-60k-amid-middle-east-crisis
အကူအညီလိုရင် စာရေး ဆွေးနွေးလို့ရတဲ့ Group ကတော့ ဒီမှာ join နိုင်ပါတယ်
https://t.me/myancrypto
https://t.me/myancryptochannel
Crypto နဲ့ ပတ်သက်တဲ့သင်တန်း video တွေကို ဒီမှာ လေ့လာနိုင်ပါတယ်
https://www.youtube.com/c/MyanCrypto
Crypto ကိုဘယ်ကစရမလဲ လေ့လာနေသူများအတွက် Study Room on Discord
https://discord.gg/zxJK6sVMDH
Binance Myanmar Telegram Group
https://t.me/BinanceBurmese
Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 10% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=TA690MBH
Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL
!hiqvote
@princekham, the HiQ Smart Bot has recognized your request (1/2) and will start the voting trail.
In addition, @myancrypto gets !PIZZA from @hiq.redaktion.
For further questions, check out https://hiq-hive.com or join our Discord. And don't forget to vote HiQs fucking Witness! 😻