Tonight Community Call

လွန်ခဲ့တဲ့ 3 နှစ်ကျော်၊ အာဏာလုမခံရခင် ကာလတုန်းက 1 USD ကို 1,300 MMK သာ ရှိခဲ့ပေမယ့် အာဏာလုလိုက်လို့ အပြောင်းအလဲတွေ အများကြီး ဖြစ်ခဲ့ပြီးနောက် ဒီနေ့မှာတော့ MMK - USD (USDT) စျေးက 5900 - 6000 ဝန်းကျင်ကို ရောက်သွားခဲ့ပါပြီ။ ပြန်တွက်ကြည့်မယ်ဆိုရင် မြန်မာပြည်သူတယောက်လက်ထဲမှာ ကိုင်ထားတဲ့ မြန်မာငွေတွေရဲ့ တန်ဖိုးဟာ 4 ဆကျော်ကျဆင်းသွားတာဖြစ်ပြီး တနေ့တခြား တန်ဖိုးကျကျလာတဲ့ ငွေစက္ကူတွေကို ကိုင်ထားရသလိုဖြစ်နေပါတယ်။

ဒီလို တရိပ်ရိပ်တန်ဖိုးကျဆင်းလာတဲ့ မြန်မာငွေနဲ့အတူ ကိုယ့်ပိုင်ဆိုင်မှုတွေ မဆုံးရှုံးသွားအောင် ဘယ်လိုကာကွယ်ရမလဲ ဘာတွေလုပ်ထားလို့ ရနိုင်လဲ ဆိုတာကို ဒီနေ့ ည 8 နာရီ Telegram Community Call မှာ အားလုံးနဲ့ အတူ ဆွေးနွေးချင်တာကြောင့် https://t.me/myancryptochannel?livestream ကနေ ပါဝင်ဆွေးနွေးပေးကြဖို့ ဖိတ်ခေါ်ပါတယ်။



0
0
0.000
0 comments