ဝယ်ကွာ ဝယ်

Crypto bro တွေရဲ့ dream car ဟာ Lamborghini ပြိုင်ကားတွေလို့ ဆိုရင် မမှားနိုင်ပါဘူး။ Crypto က ရတဲ့အမြတ်တွေနဲ့ Lambo ဝယ်စီးမယ်ဆိုပြီး ဒီနှစ်တွေတောက်လျှောက်မှာ အချင်းချင်း စခဲ့၊ နောက်ခဲ့ကြသလို အချို့လည်း crypto အမြတ်တွေနဲ့ တကယ်ကို Lambo ဝယ်စီးနိုင်လောက်တဲ့အထိ ရခဲ့ကြပါတယ်။

ဒါပေမယ့် Lamborghini ဟာ တရားဝင် website ကနေ Bitcoin နဲ့ ငွေလက်ခံတာမျိုး မရှိသေးဘဲ crypto bro တွေကို ချေထားခဲ့ပါတယ်။ Lambo ဖက်က Bitcoin လက်မခံလည်း Lambo ရဲ့ ပြိုင်ဖက် Ferrari ကတော့ Europe မှာ Bitcoin နဲ့ Ethereum ငွေပေးချေမှုတွေကို လက်ခံတော့မှာဖြစ်ကြောင်း ကြေငြာလာပါတယ်။ Europe မတိုင်ခင် US မှာလည်း 2023 ခုနှစ် October လတည်းက Bitcoin၊ Ethereum နဲ့ USDC stablecoin တွေကို ငွေပေးချေမှုတခုအဖြစ် လက်ခံခဲ့ပါတယ်။

အခုကတော့ Europe ဖက်ကိုပါ ခြေဆန့်လာတာဖြစ်ပြီး ကားဝယ်ချိန်မှာ Bitcoin နဲ့ Ethereum တို့ရဲ့ ပေါက်ဈေးအတိုင်းကို အပြင်ငွေသားအဖြစ်နဲ့ ပြောင်းလဲပြီး ငွေပေးချေလို့ရနိုင်မှာပါ။ Europe မှာကလည်း crypto ဥပဒေတွေ တောက်လျှောက်ထွက်လာနေတာဖြစ်လို့ ဒီဥပဒေဘောင်တွေအတွင်းကနေ crypto ငွေပေးချေမှုတွေလက်ခံဖို့ Ferrari ဖက်က ကစီစဉ်လာပုံပါပဲ။

Ferrari ထက်စောပြီး Bitcoin ငွေပေးချေမှုတွေကို လက်ခံခဲ့တာကတော့ Tesla ဖြစ်ပြီး 2021 ခုနှစ် March လမှာတည်းက Bitcoin ကို ငွေပေးချေမှုတခုအဖြစ် လက်ခံခဲ့ပါတယ်။ ဒါပေမယ့် 2021 ခုနှစ် October လမှာပဲ “Bitcoin mining ဟာ ရုပ်ကြွင်းလောင်စာတွေကို အလွန်အကြူးအသုံးချရတာကြောင့် Tesla ရဲ့ ဦးတည်ချက်နဲ့ မကိုက်ညီလို့ Bitcoin ကို ငွေပေးချေမှုတခုအဖြစ် ဆက်ပြီး လက်မခံတော့ကြောင်း” Tesla CEO Elon Musk က ကြေငြာခဲ့ပါတယ်။

ဒါကြောင့် အခု Ferrari ကရော ဘယ်အချိန်ထိ Ferrari ကားတွေကို Bitcoin၊ Ethereum တို့နဲ့ ပေးဝယ်ဦးမလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။

Reference Link: https://decrypt.co/241389/what-lambo-ferrari-bitcoin-payments-europe

အကူအညီလိုရင် စာရေး ဆွေးနွေးလို့ရတဲ့ Group ကတော့ ဒီမှာ join နိုင်ပါတယ်
https://t.me/myancrypto
https://t.me/myancryptochannel

Crypto နဲ့ ပတ်သက်တဲ့သင်တန်း video တွေကို ဒီမှာ လေ့လာနိုင်ပါတယ်
https://www.youtube.com/c/MyanCrypto

Crypto ကိုဘယ်ကစရမလဲ လေ့လာနေသူများအတွက် Study Room on Discord
https://discord.gg/zxJK6sVMDH

Binance Myanmar Telegram Group
https://t.me/BinanceBurmese

Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 10% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=UAPFLEFU

Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL



0
0
0.000
0 comments