ရောင်တော်ပြန် ရောလွှတ်တွေ ဂရုစိုက်ပါ
Telegram founder Pavel Durov ဖမ်းဆီးခံရမှုနဲ့ ပတ်သက်လို့ Telegram က တရားဝင်ကြေငြာချက်တခုထုတ်ပြန်လာပါတယ်။
Telegram အနေနဲ့ EU (European Union) နိုင်ငံတွေရဲ့ Digital Services ဥပဒေအပါအဝင် ဥပဒေတွေကို အပြည့်အဝလိုက်နာခဲ့ကြောင်းနဲ့ Durov ဟာလည်း ဖုံးကွယ်ထားတာမျိုးမရှိသလို Europe နိုင်ငံတွေကို မကြာခဏခရီးသွားလာနေတာဖြစ်ကြောင်း၊ Telegram platform ပေါ်မှာတင်တဲ့ content တွေအတွက် founder ဒါမှမဟုတ် platform က တာဝန်ရှိတယ်ဆိုတဲ့အယူအဆဟာလည်း အဓိပ္ပါယ်မရှိကြောင်းဆိုထားပြီး Durov အဖမ်းခံရတဲ့ကိစ္စနဲ့ ပတ်သက်လို့ အကောင်းဆုံးအဖြေကို စောင့်မျှော်နေကြကြောင်း ကြေငြာထားပါတယ်။
လောလောဆယ်မှာ Durov အဖမ်းခံရတာဟာ Telegram ပေါ်မှာ ဝေဖန်မှုတွေ မြင့်တက်နေပြီး Durov ဆွဲခဲ့တဲ့ ခွေးပုံကို Profile picture တွေပြောင်းပြီး Durov နဲ့အတူ ရပ်တည်ကြောင်း ပြသနေကြပါတယ်။ ပြင်သစ်အစိုးရအနေနဲ့ကတော့ Durov ကို ပြန်လွှတ်မလား၊ တရားစွဲမလားဆိုတဲ့ ဆုံးဖြတ်ချက်ကို နောက် 3 ရက်အတွင်း ချမှတ်ရမှာဖြစ်ပြီး အခုချိန်မှာတော့ Russia အစိုးရဖက်ကနေ Durov ကို ပြန်တောင်းနေပေမယ့် ပြင်သစ်အစိုးရဖက်က ငြင်းပယ်နေကြောင်းလည်း သတင်းတွေ ထွက်နေပါတယ်။
Durov ဆွဲထားတဲ့ ခွေးပုံကို အမှီပြုပြီး ထုတ်ထားတဲ့ DOGS meme token ကိုတော့ နိုင်ငံတကာခွေးများနေ့ဖြစ်တဲ့ August လ 26 ရက်နေ့ ညနေ 6 နာရီခွဲမှာ CEX တွေပေါ် list တော့မှာဖြစ်ပြီး Durov အဖမ်းခံထားရမှုဟာ ခွေးတို့ရဲ့ဈေးအပေါ် သက်ရောက်မှုရှိလာမလားဆိုတာကိုလည်း စိုးရိမ်နေကြပါတယ်။
ဒီအခြေအနေတွေကြားထဲမှာ သတိထားစရာတခုကတော့ ရောင်တော်ပြန်ဝင်လုပ်တတ်တဲ့ scam token တွေပါပဲ။ ဥပမာ FREEDUROV ဆိုတဲ့ နာမည်နဲ့ scam token တွေဟာ အချိန်ခဏလေးအတွင်းမှာ ဈေးကွက်ထဲရောက်လာနေပြီး ဒီ scam token တွေကို ဝယ်မိရင် ငွေကြေးဆုံးရှုံးနိုင်တာကြောင့် သတိထားကြဖို့ လိုအပ်ပါတယ်။
Reference Link: https://t.me/telegram/329
အကူအညီလိုရင် စာရေး ဆွေးနွေးလို့ရတဲ့ Group ကတော့ ဒီမှာ join နိုင်ပါတယ်
https://t.me/myancrypto
https://t.me/myancryptochannel
Crypto နဲ့ ပတ်သက်တဲ့သင်တန်း video တွေကို ဒီမှာ လေ့လာနိုင်ပါတယ်
https://www.youtube.com/c/MyanCrypto
Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 10% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=UAPFLEFU
Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL