ရှယ် စိတ်ဝင်စား ပေးကြပါဦးလို့

avatar

Michigan ပြည်နယ်အငြိမ်းစားစနစ်ဟာ ARKB spot Bitcoin ETF တွေ ပိုင်ဆိုင်ထားကြောင်း ကြေငြာလာပါတယ်။ ARKB spot Bitcoin ETF အစုရှယ်ယာပေါင်း 100 အထိ ပိုင်ဆိုင်ထားကြောင်း ကြေငြာလာတာဖြစ်ပြီး ဒီရှယ်ယာတွေရဲ့ တန်ဖိုးဟာ $6.6 million အထိ ရှိနေပါတယ်။ မကြာသေးခင်ကပဲ Jersey မြို့တော်ရဲ့ ပင်စင်ငွေတွေကို Bitcoin ဝယ်သွားမယ့်အကြောင်း ကြေငြာလာခဲ့တာဖြစ်ပြီး ပြည်နယ်အစိုးရတွေရဲ့ Bitcoin အပေါ် စိတ်ဝင်စားမှုနှုန်း အတော်လေးမြင့်တက်လာပုံပါပဲ။

2024 ခုနှစ် January လမှာ spot Bitcoin ETF တွေ launch လုပ်ခဲ့ပြီးနောက်ပိုင်း Bitcoin ETF တွေကို လုပ်ငန်းစုကြီးတွေရဲ့ စိတ်ဝင်စားမှုနှုန်းမြင့်တက်လာနေသလို ပြည်နယ်အစိုးရတွေကပါ spot Bitcoin ETF တွေ ဝယ်ကိုင်ထားကြောင်း ကြေငြာလာကြတာပါ။

US ရဲ့ ETF ကျွမ်းကျင်သူတွေကတော့ ဒါဟာ အစပဲ ရှိသေးပြီး နောက်ပိုင်းမှာ ပြည်နယ်အစိုးရတွေအနေနဲ့ Bitcoin ETF တွေ ဝယ်ယူထားနှုန်းဟာ အရင်ထက် ပိုများလာနိုင်ကြောင်း သုံးသပ်ထားကြပါတယ်။

တကယ်တော့ Bitcoin ETF တွေ ထုတ်ထားရတဲ့ ရည်ရွယ်ချက်ကိုကလည်း ဒီလိုမျိုး လုပ်ငန်းစုကြီးတွေ၊ အစိုးရပိုင်းဆိုင်ရာအဖွဲ့အစည်းတွေအနေနဲ့ Bitcoin ပိုင်ဆိုင်ခွင့်ရနိုင်စေဖို့ ဖြစ်တာကြောင့် မှန်းချက်နဲ့ နှမ်းထွက်ကိုက်နေတယ်လို့ ဆိုရမှာပါပဲ။

Reference Link: https://www.theblock.co/post/307785/state-of-michigan-retirement-system-owns-nearly-6-6-million-worth-of-arkb-spot-bitcoin-etf

အကူအညီလိုရင် စာရေး ဆွေးနွေးလို့ရတဲ့ Group ကတော့ ဒီမှာ join နိုင်ပါတယ်
https://t.me/myancrypto
https://t.me/myancryptochannel

Crypto နဲ့ ပတ်သက်တဲ့သင်တန်း video တွေကို ဒီမှာ လေ့လာနိုင်ပါတယ်
https://www.youtube.com/c/MyanCrypto

Crypto ကိုဘယ်ကစရမလဲ လေ့လာနေသူများအတွက် Study Room on Discord
https://discord.gg/zxJK6sVMDH

Binance Myanmar Telegram Group
https://t.me/BinanceBurmese

Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 10% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=UAPFLEFU

Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL



0
0
0.000
0 comments