လျှပ်စစ်မီး

ငလျင် နောက်ဆက်တွဲ မီးပျက်ခြင်းဟု ပြောက ရယ်စရာများ ဖြစ်နေမလား။ ဒီနိုင်ငံမှာက ဘာနေနေ မီးပျက်မယ် မလား။ မီးမှန်မှန်ရသည့် ကာလက အတိတ်မှာ ကျန်ခဲ့ပြီ။ Gen Y တွေမို့ ငယ်စဉ် မီးမှန်မှန် မရတာ၊ ပြီး ကာလတခုစာ မီးမှန်ခဲ့တာ၊ ထို့နောက် ငယ်စဉ်ဘဝတုန်းကလို ပြန် ဖြစ်သွားတာ အစရှိတာတွေကို အားလုံးကို တွေ့ကြုံ ခံစားရလေ၏။ အသက်ကြီးမှ ငယ်ဘဝ ပြန်ရောက် သွားသည့် အလားပင်။ ကောင်းသော အမှတ်တရများ မဟုတ်ဘဲ မကောင်းသော အမှတ်တရတွေဆိုတော့ ဘယ်လို ပြောရမည် မသိပေ။

Gen Z, Gen Alpha တွေကတော့ ယခုလို အခြေအနေတွေနဲ့ အသားကျမည် မဟုတ်ပေ။ ထို့ကြောင့်လည်း လက်ရှိတော်လှန်ရေးမှာ ပါဝင်မှု အများဆုံးက Gen Z တွေပင် မဟုတ်လား။ Gen Y က အတော်အသင့် ပါသေးပေမယ့် Gen X ကတော့ အတော်နည်းသွားခဲ့ပြီ။ တချို့ Gen X တွေဆို ကန်တော့ပါရဲ့ Gen L တွေပင် ဖြစ်ကုန်၏။ အကြောက်တရားက သူတို့ကို အနိုင်ယူသွားခဲ့လေပြီ။ အမှန် အမှား၊ လုပ်သင့် မလုပ်သင့်တာကို သိပေမယ့် အကြောက်တရားကို မကျော်လွန်နိုင်သဖြင့် ဟိုမရောက် ဒီမရောက် ဟိုလိုလို၊ ဒီလိုလိုတွေ ဖြစ်သွားခဲ့လေ၏။

ခု ငလျင်ဘေးကြီး ကြုံတော့ ကိုယ်တွေ ရွေးချယ်ထားသည့် အစိုးရသာ ဖြစ်နေရင်တော့လားဆိုပြီး တွေးနေမိ၏။ အမေစု လက်ထက် ရေကြီးတော့ နာမည်ကြီး ဆရာတော်တပါး စိုးရိမ်ကြီးစွာ မြေပြင်ထိ ဆင်းလာသလိုပေါ့။ ဘဘကြီး လက်ထက်မှာတော့ ဆရာတော်ထံမှ ဘာသံမှလည်း မကြားရတော့ပေ။ ဓမ္မနဲ့ အဓမ္မကို ခွဲခြား ဆုံးမ လမ်းညွှန်ပြနေသည့် ဆရာတော်တွေထံမှ ဘာသံမှ မကြားရတာကတော့ တခုခု လွဲနေသလိုပင်။ ရှိစေတော့။


(photo from Facebook)

မီးက ဘယ်နှယ်ရက် ပျက်မည် မသိသေးပေ။ ကိုယ့် မြို့က EPC ကို လှမ်းမေးကြည့်တော့ သူတို့လည်း တိတိကျကျမသိပေ။ ဘယ်နေရာ ဘယ်နားက ဓါတ်အားပေးရုံကြီးပဲ ဘာဖြစ်သွားသလိုလိုနဲ့။ ဘဘကြီး လက်ထက်မှာတော့ ငါတို့လည်း မသိဘူး၊ ငါတို့နဲ့ မဆိုင်ဘူးလေ ဆိုသည့် သူတွေ အတော်လေး များလာခဲ့၏။ စံစရာဆို ယူ၊ ခံစရာဆို ပြေး ဆိုသည့် သူမျိုးတွေ ပိုလို့ များလာခဲ့၏။

ခေတ်ပျက်ကြီးထဲ ပျက်စီးနေသူတွေ ပိုလို့ပင် များလာခဲ့တော့၏။ ငလျင်က လှုပ်ပြီးပြီ ကိုယ်တွေမှာက ပြန်လည် ထူထောင်ရေး မပြောနဲ့ ကယ်ဆယ်ရေးပင် အလျဉ်မမှီသေးပေ။ အာဏာရူး အစိုးရက အဘယ်သို့များ ပြည်သူကို စိုးရိမ်ပူပန် စောင့်ရှောက် ပေးမည်နည်း။ ပရဟိတ အသင်းအဖွဲ့တွေမှာကလည်း လူငယ်လူရွယ်တွေ နည်းခဲ့ပြီ။ စစ်မှူထမ်း ဥပဒေနဲ့ အကြောက်တရားကော၊ အကြပ်တရားပါ တပါတည်း တွဲကာ လူငယ်တွေကို ဝါးမျိုပစ်လိုက်သည် မဟုတ်လား။ ခုလို ဘေးတွေ‌ကြုံတော့ ကူညီ ကယ်‌ဆယ်ပေးမယ့် အားကောင်းမောင်းသန် ညီငယ်တွေ မရှိကြတော့ပေ။

မသေသင့်ဘဲ သေခဲ့ရသည့် အသက်တွေ များလှပြီ။ အေးချမ်းနိုး အေးချမ်းနိုးနဲ့ အပူတွေသာ တိုးခဲ့ပြီ။ နဂိုအတိုင်း ပြန်ရအောင် ကိုယ်စီ ကြိုးစားနေကြ၏။ ဒါပေမယ့် အရင်အတိုင်း ပြန်ဖြစ်ခဲ့ရင်တောင် အရင်လိုတော့ မဖြစ်နိုင်တော့ပေ။ ကိုယ်စီမှာက နာကျင်ခံစားရတာတွေနဲ့မလား။



0
0
0.000
5 comments
avatar

နာကျင်စရာများတဲ့နိုင်ငံတော်ကြီးကို မစွန့်နိုင်မခွါရက်နဲ့ ဆက်လက် ရှင်သန်ရပါဦးမည်။
!LOLZ
!LUV

0
0
0.000
avatar

ရောင်နီ လာနိုး လာနိုးနဲ့ အမှောင်ကပဲ ပိုကြီးစိုး လာနေသလိုပါပဲဗျာ။
ဟင်း ....

0
0
0.000